ဟေဗြဲ 9:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။ Ver CapítuloCommon Language Bible10 ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။ Ver CapítuloJudson Bible10 စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုအရာတို့သည် အစားအသောက်များ၊ အမျိုးမျိုးသော စင်ကြယ်စေခြင်းဝတ်များဖြစ်၍ အပြင်ပိုင်းနှင့်ဆိုင်သော စည်းမျဉ်းများသာ ဖြစ်ကြ၏။ ၎င်းတို့သည် အသစ်ပြုပြင်တော်မူမည့်အချိန်အထိသာ တည်ရှိကြရ၏။ Ver Capítulo |
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။