ဟေဗြဲ 7:2 - မြန်မာ့စံမီသမ္မာကျမ်း2 အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။ Ver CapítuloCommon Language Bible2 သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-) Ver CapítuloJudson Bible2 အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဖို့တစ်ဖို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတစ်ပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း2 အာဗြဟံသည်လည်း ထိုမင်းကြီးအား ရရှိသောပစ္စည်းများမှ ဆယ်ပုံတစ်ပုံကို ပေးလှူ၏။ မေလခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဖြစ်ပြီး နောက်ပိုင်းတွင် သူ့ကို ရှာလင်ဘုရင်ဟု ခေါ်တွင်ကာ “ငြိမ်းချမ်းရေးဘုရင်” ဟု အဓိပ္ပာယ်ရ၏။ Ver Capítulo |
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။