ဟေဗြဲ 6:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဘုရားသခင်သည် အာဗြဟံအား ကတိပေးတော်မူသောအခါ တိုင်တည်ပြောဆိုရန် မိမိထက် ကြီးမြတ်သောသူမရှိသောကြောင့် မိမိကိုယ်ကိုတိုင်တည်ပြောဆို၍ Ver CapítuloCommon Language Bible13 ဘုရားသခင်သည်အာဗြဟံအားကတိ ထားတော်မူသောအခါတိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီးမြတ်သူမရှိသဖြင့် မိမိကိုယ် ကိုပင်လျှင်တိုင်တည်ကျိန်ဆိုတော်မူပေသည်။- Ver CapítuloGarrad Bible13 ဘု ရား သ ခင် သည် အာ ဗြ ဟံ အား က တိ ထား တော် မူ သည့် ကာ လ ကိုယ် တော် ထက် ကြီး မြတ် သူ့ ကို တိုင် တည်၍ သ စ္စာ ထား ရန် မ ရှိ သော ကြောင့် ကိုယ် တော် တိုင် ကို တိုင် တည်၍၊ Ver CapítuloJudson Bible13 ဘုရားသခင်သည် အာဗြဟံ၌ ကတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန် မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း13 ဘုရားသခင်သည် အာဗြဟံအား ကတိပေးတော်မူသောအခါ တိုင်တည်၍ ကျိန်ဆိုရန် မိမိထက် ကြီးမြတ်သောသူ မရှိသောကြောင့် မိမိကိုယ်ကိုယ် တိုင်တည်၍ Ver Capítulo |
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။
ထို့ကြောင့် အီဂျစ်ပြည်၌နေထိုင်သော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်တစ်ပြည်လုံးရှိ ယုဒလူမျိုးတို့၏နှုတ်မှ ဘုရားရှင်ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ ငါ၏နာမကို တိုင်တည်ရတော့မည်မဟုတ်’ဟု ငါ၏ကြီးမြတ်သောနာမကို တိုင်တည်၍ မိန့်ဆိုပြီ။