ဟေဗြဲ 4:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။ Ver CapítuloCommon Language Bible3 သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။- Ver CapítuloGarrad Bible3 ဤ လော က တည် သည့် ကာ လ က လက် မှု တော် များ ပြီး စီး သော် လည်း ကိုယ် တော် က ငါ့ ငြိမ် ဝပ် ရာ ချမ်း သာ ကို ထို သူ တို့ ဝင် စား ကြ ရ မည် မ ဟုတ် ဟု အ မျက် ထား၍ ဓိ ဋ္ဌာန် တော် မူ သည် နှင့် အ ညီ ယုံ ကြည် သော ငါ တို့ သာ ဝင် စား ရ ကြ ၏။ Ver CapítuloJudson Bible3 ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ ဤသည်မှာ ဘုရားသခင်က “ထို့ကြောင့် ငါသည် အမျက်ထွက်ကာ ‘သူတို့သည် ငါ၏ စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟူ၍ တိုင်တည်လျက် ပြောဆို၏” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့သော် ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ အမှန်စင်စစ် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူကတည်းက အမှုတော်သည် ပြီးမြောက်ပြီဖြစ်သော်လည်း ဤစကားကို မိန့်တော်မူ၏။ Ver Capítulo |