Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ဗြဲ 12:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့ကြောင့် အားအင်​ကုန်ခန်း​နေ​သော​လက်​များ​နှင့် ချည့်နဲ့​နေ​သော​ဒူး​များ​ကို ပြန်လည်​ခိုင်ခံ့​စေ​ကြ​လော့။

Ver Capítulo Copiar

Common Language Bible

12 သို့​ဖြစ်​၍​သင်​တို့​၏​နွမ်း​နယ်​သည့်​လက်​များ​ကို အ​ပေါ်​သို့​မ​၍​ချိ​နဲ့​သည့်​ဒူး​ဆစ်​တို့​ကို​ခိုင်​ခံ့ စေ​ကြ​လော့။-

Ver Capítulo Copiar

Garrad Bible

12 သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။

Ver Capítulo Copiar

Judson Bible

12 ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထို့ကြောင့် နွမ်းနယ်နေသော​လက်များ​နှင့် ချည့်နဲ့နေသော​ဒူးများ​ကို ကြံ့ခိုင်စေကြလော့။

Ver Capítulo Copiar




ဟေ​ဗြဲ 12:12
11 Referencias Cruzadas  

အကျွန်ုပ်​၏​ဒူး​သည် အစာရှောင်​ခြင်း​ကြောင့် ချည့်နဲ့​၍ အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အဆီ​မ​ရှိ​သဖြင့် ပိန်ချုံး​လျက်​ရှိ​ပါ​၏​။


အားနည်း​သော​လက်​တို့​ကို ခိုင်ခံ့​စေ​ကြ​လော့​။ ချည့်နဲ့​သော​ဒူး​တို့​ကို သန်မာ​စေ​ကြ​လော့​။


သူ​တို့​က ‘​သင်​အဘယ်ကြောင့် ညည်းတွား​သနည်း​’​ဟု မေး​လျှင် သင်​က ‘​ကြား​ရ​သော​သတင်းစကား​ကြောင့်​ဖြစ်​၏​။ ကြား​ရ​သော​သတင်း​အတိုင်း ဖြစ်ပျက်​လာ​လျှင် လူ​တိုင်း စိတ်အားလျော့​မည်​၊ လက်ပန်းကျ​မည်​၊ စိတ်ဓာတ်ကျ​၍ ဒူး​များ​ပျော့ခွေ​သွား​လိမ့်မည်​’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


သူ​တို့​ရှိသမျှ​သည် လက်​အားလျော့​၍ ဒူး​များ​လည်း ပျော့ခွေကျ​လိမ့်မည်​။


ထိုအခါ ရှင်ဘုရင်​သည် မျက်စိ​မျက်နှာပျက်​၍ တွေးတော​ထိတ်လန့်​လေ​၏​။ ခါးဆစ်​များ ပြုတ်​လုမတတ်​ဖြစ်​၍ ဒူး​များ​လည်း တုန်ရီ​နေ​၏​။


မြို့​သည် ဘာမျှ​မ​ကျန်​အောင် ပျက်စီး​၍ ဟင်းလင်းပြင်​ဖြစ်​လေ​ပြီ​။ လူ​တို့​သည်​လည်း စိတ်ပျက်အားလျော့​လျက်​၊ ကြောက်ဒူးတုန်​လျက်​၊ ခါးချည့်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​ကြ​လေ​ပြီ​။


ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​အား “​မ​ကြောက်​နှင့်​၊ ဇိအုန်​မြို့​၊ လက်ပန်း​မ​ကျ​နှင့်​။


ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်တွန်း​နှိုးဆော်​သည်​ကား စည်းမဲ့​ကမ်းမဲ့​နေ​သော​သူ​တို့​ကို သတိပေး​ဆုံးမ​ကြ​လော့။ စိတ်အားငယ်​သော​သူ​တို့​ကို နှစ်သိမ့်​ကြ​လော့။ အားနည်း​သော​သူ​တို့​ကို ထောက်မ​ကြ​လော့။ လူ​အပေါင်း​တို့​အပေါ် စိတ်ရှည်​သည်းခံ​ကြ​လော့။


ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။


ထို့ပြင် “ငါ့​သား၊ ထာဝရ​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်။ ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ စိတ်​မ​ပျက်​နှင့်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos