ဟေဗြဲ 11:16 - မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။ Ver CapítuloCommon Language Bible16 သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။ Ver CapítuloGarrad Bible16 မု ချ အား ဖြင့် သာ၍ မြတ် သော ကောင်း ကင် ပြည် တော် ကို ရှာ ကြံ ကြ သ ဖြင့် ဘု ရား သ ခင် သည် သူ တို့ အ ဖို့ မြို့ တော် ပြင် ဆင် ပြီး ဖြစ် လျက် သူ တို့ ဘု ရား ဟု အ ခေါ် ခံ ရန် ရှက် တော် မ မူ။ Ver CapítuloJudson Bible16 ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဖို့ မြို့ကို တည်ထောင်တော်မူပြီ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။ Ver Capítulo |
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။