ဟေဗြဲ 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 တစ်ဖန် “အို ထာဝရဘုရား၊ ကိုယ်တော်သည် အစအဦး၌ မြေကြီးကိုတည်တော်မူ၍ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏လက်ရာတော်ဖြစ်ပါ၏။ Ver CapítuloCommon Language Bible10 ထိုနောက်ကိုယ်တော်က၊ ``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။ Ver CapítuloGarrad Bible10 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ စ ဦး၌ မြေ ပ ထ ဝီ ကို တည် ထောင် တော် မူ လျက် မိုး ကောင်း ကင် လည်း လက် တော် နှင့် ဖန် ဆင်း တော် မူ ရာ ဖြစ် ပါ၏။ Ver CapítuloJudson Bible10 တစ်ဖန် ကျမ်းစာလာသည်ကား၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထို့ပြင် ဘုရားသခင်သည် မိမိသားတော်အား “ထာဝရဘုရား… ကိုယ်တော်သည် အစအဦး၌ မြေကြီးကို တည်၍ ကိုယ်တော်၏ လက်တော်ဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ Ver Capítulo |
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။