ဟောရှေ 9:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။ Ver CapítuloCommon Language Bible3 ဧဖရိမ်ပြည်သားတို့သည်ထာဝရဘုရား ၏ပြည်တွင်မနေရတော့ဘဲအီဂျစ်ပြည် သို့ပြန်ရကြမည်။ အာရှုရိပြည်တွင်လည်း တားမြစ်ထားသောအစားအစာကိုစား ကြရမည်။- Ver CapítuloGarrad Bible3 ဧ ဖ ရိမ် သည် ထာ ဝ ရ ဘု ရား ပိုင် ပြည် တော် တွင် မ နေ ရ ဘဲ၊ အိ ဂျစ် ပြည် သို့ ပြန် သွား ရ မည်။ အာ ရှု ရိ ပြည် ၌ လည်း မ သန့် စွာ စား သောက် ရ မည်။ Ver CapítuloJudson Bible3 ဧဖရိမ်အမျိုးသားတို့သည် ထာဝရဘုရား၏မြေတော်၌မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။ Ver Capítulo |
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
‘ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရ’ဟု သင့်အား ငါဆင့်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင့်ကို အီဂျစ်ပြည်သို့ ထိုလမ်းဖြင့်မဟုတ်ဘဲ သင်္ဘောနှင့်ပြန်သွားစေတော်မူမည်။ ထိုပြည်၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် သင့်ကိုယ်သင် သင့်ရန်သူတို့ထံသို့ ရောင်းမည်။ သင့်ကို မည်သူမျှဝယ်မည်မဟုတ်”ဟု ဆိုလေ၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသော ကောင်းကျိုးဆိုင်ရာကတိတော်ဟူသမျှကို သင်တို့အပေါ်သက်ရောက်စေမည်ဖြစ်သကဲ့သို့ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် ဘေးအန္တရာယ်ရှိသမျှတို့ကို သင်တို့အပေါ်သို့သက်ရောက်စေတော်မူလိမ့်မည်။