ဟောရှေ 4:8 - မြန်မာ့စံမီသမ္မာကျမ်း8 ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။ Ver CapítuloCommon Language Bible8 သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။- Ver CapítuloJudson Bible8 ငါ့လူတို့၏ အပြစ်ဖြေရာယဇ်တို့ကို စားလျက်နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။ Ver Capítulo |
ငါနှင့်ဝေးကွာ၍ မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော မည်သည့်အစ္စရေးလူမျိုးမဆို၊ အစ္စရေးလူမျိုးတို့နှင့်အတူနေထိုင်သော မည်သည့်တိုင်းတစ်ပါးသားမဆို ငါထာဝရဘုရားကိုယ်တိုင် တုံ့ပြန်မည်။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။