ဟောရှေ 13:10 - မြန်မာ့စံမီသမ္မာကျမ်း10 အမြို့မြို့တွင်နေသောသင်တို့ကို ကယ်တင်မည့်ဘုရင်ကား အဘယ်မှာနည်း။ ‘အကျွန်ုပ်တို့အား ရှင်ဘုရင်၊ အကြီးအကဲကို ပေးပါ’ဟု သင်တို့တောင်းဆိုခဲ့သော အုပ်ချုပ်သူကား အဘယ်မှာနည်း။ Ver CapítuloCommon Language Bible10 သင်တို့သည်ရှင်ဘုရင်နှင့်ခေါင်းဆောင်များ ကိုကျွန်တော်မျိုးတို့အားပေးပါဟုတောင်း ခံကြ၏။ သို့ရာတွင်ဤသူတို့သည်တိုင်းပြည် ကိုကယ်နိုင်မည်လော။- Ver CapítuloGarrad Bible10 မြို့ ရွာ များ တွင် သင့် ကို ကယ် အပ် သော ဘု ရင် မင်း သည်လည်း ကောင်း၊ ဘု ရင် မင်း နှင့် မှူး မတ် တို့ ကို ပေး တော် မူ ပါ ဟု၊ သင် တောင်း လျှောက် ခဲ့ သော တ ရား မင်း တို့ သည် လည်း ကောင်း၊ အ ဘယ် မှာ နည်း။ Ver CapítuloJudson Bible10 သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။ Ver Capítulo |
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”