ဟောရှေ 12:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင်သည် သင်၏ဘုရားသခင်ထံသို့ ပြန်လှည့်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားတို့ကို စောင့်ထိန်းလော့။ သင်၏ဘုရားသခင်ကို အစဉ်စောင့်မျှော်လော့။ Ver CapítuloCommon Language Bible6 ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။ Ver CapítuloGarrad Bible6 ထို့ ကြောင့်၊ ကိုယ့် ဘု ရား သ ခင့် တန် ခိုး ဖြင့် ပြန် လာ၍၊ သင်္ဂ ဟ တ ရား နှင့် သ မ္မာ တ ရား ကို လက် မ လွတ် ဘဲ၊ ကိုယ့် ဘု ရား သ ခင် ကို နေ့ စဉ် မ ပြတ် စောင့် စား လျက် နေ လော့။ Ver CapítuloJudson Bible6 သို့ဖြစ်၍၊ သင်၏ဘုရားသခင့် ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကိုစောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ်မျှော်လင့်လော့။ Ver Capítulo |
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။