ဟောရှေ 11:9 - မြန်မာ့စံမီသမ္မာကျမ်း9 ငါသည် အမျက်ထွက်သည့်အလျောက် မပြု။ ဧဖရိမ်ကို နောက်တစ်ဖန် မဖျက်ဆီး။ အကြောင်းမှာ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ သင်တို့နှင့်အတူရှိသည့်သန့်ရှင်းသောအရှင် ဖြစ်၏။ သင့်ထံ အမျက်ဖြင့်လာမည်မဟုတ်။ Ver CapítuloCommon Language Bible9 ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။ Ver CapítuloGarrad Bible9 အ မျက် တော် အ ရှိန် နှင့် အ မျှ မ စီ ရင် ဘဲ၊ ဧ ဖ ရိမ် ကို ဖျက် ဆီး ရန် မ ပြန် ဘဲ နေ မည်။ ငါ ကား လူ မ ဟုတ်။ သင့် ဘောင် တွင် စံ သော၊ သန့် ရှင်း ရာ ဘု ရား သ ခင် ပေ တည်း။ အ မျက် ထား ၍ ကြွ လာ မည် မ ဟုတ်။ Ver CapítuloJudson Bible9 ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ် မဖျက်ဆီးလို။ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသော မြို့သားမဟုတ်သော်လည်း၊ သင်တို့တွင်နေ၍ သန့်ရှင်းသောဘုရား ဖြစ်၏။ Ver Capítulo |
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။