ဟောရှေ 11:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ငှက်ကဲ့သို့ အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့ အဆီးရီးယားပြည်မှလည်းကောင်း ထွက်လာကြလိမ့်မည်။ ငါသည် သူတို့ကို နေရင်းပြည်၌ နေရာချထားပေးမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver CapítuloCommon Language Bible11 ငှက်များကဲ့သို့အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့အာရှုရိပြည်မှလည်းကောင်း လျင်မြန်စွာပျံလာကြလိမ့်မည်။ ငါသည်သူ တို့အားမိမိတို့နေရင်းပြည်သို့တစ်ဖန်ခေါ် ဆောင်လာမည်။ ဤသည်ကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။ Ver CapítuloGarrad Bible11 အိ ဂျစ် ပြည် မှ ငှက် ကဲ့ သို့ လည်း ကောင်း၊ အာ ရှု ရိ ပြည် မှ ချိုး ကဲ့ သို့ လည်း ကောင်း၊ အ လန့် တ ကြား ထွက် လာ ကြ ပြီး လျှင်၊ နေ ရင်း အိမ် များ တွင် ငါ နေ စေ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Ver CapítuloJudson Bible11 စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှလည်းကောင်း၊ ချိုးကဲ့သို့ အာရှုရိပြည်မှလည်းကောင်း အလျင်အမြန် ပြေးကြ၍၊ သူတို့ကို နေရင်းအရပ်၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။