ဟောရှေ 1:7 - မြန်မာ့စံမီသမ္မာကျမ်း7 ယုဒအမျိုးအနွယ်ကိုမူကား ငါသနားစုံမက်မည်။ သူတို့ကို လေး၊ ဓား၊ စစ်မက်၊ မြင်း၊ မြင်းစီးသူရဲတို့ဖြင့် ကယ်တင်မည်မဟုတ်။ သူတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တိုင် သူတို့ကိုကယ်တင်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible7 ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။ Ver CapítuloGarrad Bible7 ယု ဒ အ မျိုး သား တို့ ကို ကား၊ ငါ သ နား လျက်၊ လေး၊ ဓား လက် နက် မှ စ၍၊ မြင်း တပ်၊ မြင်း စီး သူ ရဲ စစ် အင်္ဂါ များ ဖြင့် မ ကယ် ဘဲ၊ ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား တန် ခိုး ဖြင့် ကယ် မည် ဟု မိန့် တော် မူ၏။ Ver CapítuloJudson Bible7 ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာတွင် လေး၊ ဓား၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင်ထာဝရဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။