သြဗဒိ 1:9 - မြန်မာ့စံမီသမ္မာကျမ်း9 အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။ Ver CapítuloCommon Language Bible9 လက်နက်ကိုင်စွဲသူတေမန်မြို့သားတို့သည် ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ ဧဒုံပြည်ရှိစစ်သည်တပ်သားအပေါင်းတို့ သည် အသတ်ခံရကြလိမ့်မည်။ Ver CapítuloJudson Bible9 အို တေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏သူရဲတို့သည် ကြောက်ကြလိမ့်မည်။ Ver Capítulo |
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။