သြဗဒိ 1:3 - မြန်မာ့စံမီသမ္မာကျမ်း3 ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။ Ver CapítuloCommon Language Bible3 သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။ Ver CapítuloGarrad Bible3 ငါ့ ကို မြေ ပေါ် သို့ မည် သူ ချ နိုင် သ နည်း ဟု အောက် မေ့ လျက် ကျောက် တောင် ရှိ ခို လှုံ ရာ များ တွင် အောင်း ၍ မြင့် ရာ အ ရပ်၌ နေ ထိုင် သော အို လူ မျိုး၊ သင် စိတ် နေ မြင့်၍ လှည့် စား ခံ ရ လေ ပြီ။ Ver CapítuloJudson Bible3 ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကိုမြေသို့ အဘယ်သူနှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။ Ver Capítulo |
သင်၌ ကုန်သွယ်ရေးလုပ်ငန်းများ များပြားလာသည်နှင့်အမျှ မတရားမှုများလည်း များပြားလာ၏။ ထိုသို့ သင်အပြစ်ပြု၍ ညစ်ညူးသွားသောကြောင့် ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှ သင့်ကို ငါနှင်ထုတ်ပစ်၏။ အတောင်ဖြန့်မိုးသော အို ခေရုဗိမ်၊ သင့်ကို တောက်ထိန်နေသောကျောက်တုံးများအလယ်မှ ငါဖယ်ထုတ်ပစ်ပြီ။
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။