သူကြီး 8:23 - မြန်မာ့စံမီသမ္မာကျမ်း23 ဂိဒေါင်ကလည်း “ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသာလျှင် သင်တို့ကိုအုပ်စိုးတော်မူမည်”ဟု သူတို့အား ပြန်ပြောလေ၏။ Ver CapítuloCommon Language Bible23 ဂိဒေါင်ကလည်း``ငါသည်သင်တို့အားအုပ် စိုးလိမ့်မည်မဟုတ်။ ငါ၏သားသည်လည်း အုပ်စိုးလိမ့်မည်မဟုတ်။ သင်တို့အားထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်'' ဟုပြန် ပြောလေသည်။- Ver CapítuloGarrad Bible23 ဂိ ဒေါင် က၊ သင် တို့ အ ပေါ် တွင် ငါ မင်း ပြု မည် မ ဟုတ်။ ငါ့ သား လည်း ပြု ရ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သာ လျှင် မင်း ပြု တော်မူ လိမ့် မည် ဟု ဆို လေ ၏။ Ver CapítuloJudson Bible23 ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကိုအုပ်စိုးတော်မူရ၏ ဟူ၍လည်းကောင်း၊ Ver Capítulo |
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။