Biblia Todo Logo
La Biblia Online
- Anuncios -




သူ​ကြီး 8:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဂိဒေါင်​က​လည်း “​ငါ​ပြု​သော​အမှု​သည် သင်​တို့​ပြု​သော​အမှု​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​။ အဗျေဇာ​အမျိုးသား​စပျစ်သီး​စုသိမ်း​ခြင်း​ထက် ဧဖရိမ်​အမျိုးသား​ကောက်သင်းကောက်​ခြင်း​က သာ၍​ကောင်း​သည်​မ​ဟုတ်​လော​။

Ver Capítulo Copiar

Common Language Bible

2 သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။-

Ver Capítulo Copiar

Garrad Bible

2 ဂိ ဒေါင် က၊ သင် တို့ နှင့် နှိုင်း ယှဉ် လျှင်၊ ငါ ပြု လုပ် သော အ မှု ကား၊ မည် သို့ နည်း။ အ ဗျေ ဇာ စု သိမ်း ခြင်း ထက် ဧ ဖ ရိမ် ကောက် သင်း ကောက် ခြင်း သည် သာ၍ မြတ် ပါ သည် မ ဟုတ် လော။

Ver Capítulo Copiar

Judson Bible

2 ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။

Ver Capítulo Copiar




သူ​ကြီး 8:2
11 Referencias Cruzadas  

သင်​တို့​ပြည်​တွင် ရိတ်သိမ်း​ချိန်​၌ သီးနှံ​ရိတ်သိမ်း​သောအခါ သင့်​လယ်​၏​အစွန်အဖျား​ကို အကုန်အစင်​မ​ရိတ်​ရ​။ ရိတ်သိမ်း​ပြီး​သောအခါ​တွင်​လည်း ကောက်သင်း​မ​ကောက်​ရ​။


ဂိလဒ်​၏​အမျိုးအနွယ်​များ​ကား ယေဇေရ​မှ​ဆင်းသက်​သော ယေဇေရ​မျိုးနွယ်စု​၊ ဟေလက်​မှ​ဆင်းသက်​သော ဟေလက်​မျိုးနွယ်စု​၊


ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည် သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။


ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။


ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​များ​ဖြစ်​သည့် ဩရဘ​နှင့် ဇေဘ​တို့​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​၏​။ ငါ​သည် သင်​တို့​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။ ထိုသို့ ဂိဒေါင်​ပြော​သောအခါ ဧဖရိမ်​အမျိုးသား​တို့​သည် စိတ်ပြေ​သွား​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos