သူကြီး 7:25 - မြန်မာ့စံမီသမ္မာကျမ်း25 သူတို့သည် မိဒျန်လူမျိုးတို့၏အကြီးအကဲနှစ်ဦးဖြစ်သည့် ဩရဘနှင့်ဇေဘကိုဖမ်းဆီးကြ၏။ ဩရဘကို ဩရဘကျောက်ဆောင်၌ သတ်၍ ဇေဘကို ဇေဘစပျစ်သီးနယ်ရာကျင်း၌ သတ်ပြီးလျှင် မိဒျန်လူမျိုးတို့နောက်သို့လိုက်ကြ၏။ ဩရဘနှင့် ဇေဘတို့၏ဦးခေါင်းကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဂိဒေါင်ထံသို့ယူဆောင်လာကြ၏။ Ver CapítuloCommon Language Bible25 သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။ Ver CapítuloGarrad Bible25 မိ ဒျန် လူ မျိုး ကို လိုက် လံ ရာ အ ခိုက်၊ မိ ဒျန် ဗိုလ် ချုပ် သြ ရ ဘ နှင့် ဇေ ဘ နှစ် ယောက် တို့ ကို ဖမ်း ဆီး ပြီး လျှင်၊ သြ ရ ဘ ကို သြ ရ ဘ ခေါ် ကျောက် တောင် အ နီး တွင်လည်း ကောင်း၊ ဇေ ဘ ကို ဇေဘ ခေါ် ဖိ နင်း ရာ စ ပျစ် ကျင်း အ နီး တွင်လည်း ကောင်း အ ဆုံး စီ ရင်၍ ၎င်း တို့ ဦး ခေါင်း နှစ် လုံး ကို ယော် ဒန် မြစ် တစ် ဖက်၊ ဂိ ဒေါင် ရှိ ရာ သို့ ဆောင် ယူ လာ ကြ ၏။ Ver CapítuloJudson Bible25 မိဒျန်ဗိုလ်ချုပ်နှစ်ယောက်၊ ဩရဘနှင့်ဇေဘကို ဖမ်းဆီး၍၊ ဩရဘကို ဩရဘကျောက်ပေါ်၌လည်းကောင်း၊ ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ၌လည်းကောင်း သတ်ပြီးမှ၊ မိဒျန်လူတို့ကိုလိုက်သဖြင့်၊ ဩရဘ၏ဦးခေါင်းနှင့် ဇေဘ၏ဦးခေါင်းတို့ကို ယော်ဒန်မြစ်တစ်ဖက်၊ ဂိဒေါင်ထံသို့ ဆောင်ခဲ့ကြ၏။ Ver Capítulo |