သူကြီး 7:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုသူ၏အဖော်က “ထိုမုန့်လုံးကား အခြားမဟုတ်။ အစ္စရေးအမျိုးသား ယောရှ၏သားဖြစ်သော ဂိဒေါင်၏ဓားပေတည်း။ ဘုရားသခင်သည် မိဒျန်လူမျိုးတို့နှင့် ဤတပ်စခန်းတစ်ခုလုံးကို သူ၏လက်သို့အပ်တော်မူပြီ”ဟု ပြန်ပြောလေ၏။ Ver CapítuloCommon Language Bible14 ထိုမိတ်ဆွေကလည်း``ထိုမုန့်ပြားသည်ဣသ ရေလအမျိုးသားယောရှ၏သားဖြစ်သူ ဂိဒေါင်၏ဋ္ဌားပင်ဖြစ်သည်။ မုန့်ပြားသည် အခြားအနက်အဋ္ဌိပ္ပါယ်ကိုမဆောင်နိုင် ရာ။ ဘုရားသခင်သည်သူ့အားမိဒျန် အမျိုးနှင့် ငါတို့တပ်တစ်ခုလုံးအပေါ်၌ အောင်ပွဲခံစေတော်မူလေပြီ'' ဟုဆို၏။ Ver CapítuloGarrad Bible14 အ ပေါင်း အ ဖော် က ထို မုန့် ပြား ကား အ ခြား မ ဟုတ်၊ ဣ သ ရေ လ လူ မျိုး ယော ရှ သား ဂိ ဒေါင် ၏ ဓား ပင် တည်း။ ဘု ရား သ ခင် သည် မိ ဒျန် လူ မျိုး နှင့် ဗိုလ် ထု အ ပေါင်း တို့ ပါ ထို သူ့ လက် သို့ အပ် နှင်း တော် မူ လေ ပြီ ဟု ပြန် ပြော လေ ၏။ Ver CapítuloJudson Bible14 သူ၏အပေါင်းအဖော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုး ယောရှသားဂိဒေါင်၏ဓားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။ Ver Capítulo |
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။