Biblia Todo Logo
La Biblia Online
- Anuncios -




သူ​ကြီး 6:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။

Ver Capítulo Copiar

Common Language Bible

9 အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-

Ver Capítulo Copiar

Garrad Bible

9 ထို ပြည် သား တို့ လက် အောက် မှ လည်း ကောင်း၊ နှိပ် စက် သ မျှ သော သူ တို့ လက် အောက် မှလည်း ကောင်း၊ ကယ် နုတ် သည့် ပြင်၊ ချင်း တို့ ကို သင် တို့ ရှေ့ နှင် ထုတ် လျက်၊ ပြည် ကို လည်း အပ် လွှဲ ခဲ့ လေ ပြီ။

Ver Capítulo Copiar

Judson Bible

9 အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။

Ver Capítulo Copiar




သူ​ကြီး 6:9
7 Referencias Cruzadas  

ဤသို့ဖြင့် မိမိ​လူမျိုး​တော်​ကို ရွှင်မြူး​စေ​လျက်​၊ မိမိ​ရွေးကောက်​သော​သူ​တို့​ကို ရွှင်လန်း​စွာ​ကြွေးကြော်​စေ​လျက် ထုတ်ဆောင်​တော်မူ​၏​။


ငါ​တို့​၏​ရန်သူ​များ​ထံမှ​လည်း ငါ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


ကောင်းကင်တမန်​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​မည်​။ ခါနာန်​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို ငါ​နှင်ထုတ်​မည်​။


သင်​တို့​ကို​လည်း ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​နေထိုင်​သော​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ကြောက်​ရ​ဟု ငါ​မိန့်ဆို​ခဲ့​သော်လည်း သင်​တို့​သည် ငါ​၏​စကား​ကို​နား​မ​ထောင်​ကြ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။


ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့ ပရောဖက်​တစ်​ပါး​ကို​စေလွှတ်​တော်မူ​၏​။ ထို​ပရောဖက်​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ကျွန်ခံရာ​အိမ်​မှ ခေါ်ထုတ်​ခဲ့​၏​။


အစ္စရေး​အမျိုးသား​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​၏​။ သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ငါ​ကယ်နုတ်​ခဲ့​၏’​ဟု မိန့်​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos