Biblia Todo Logo
La Biblia Online
- Anuncios -




သူ​ကြီး 6:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထိုအခါ မြို့သား​တို့​က ယောရှ​အား “​သင်​၏​သား​ကို ထုတ်ပေး​လော့​။ ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​ပြီး အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​ခုတ်လှဲ​သောကြောင့် သူ​အသတ်​ခံရ​မည်​”​ဟု ဆို​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

30 ထို​အ​ခါ​သူ​တို့​သည်​ယော​ရှ​အား``သင်​၏ သား​ဂိ​ဒေါင်​ကို​ငါ​တို့​သတ်​နိုင်​ရန်​ခေါ်​ထုတ် လော့။ သူ​သည်​ဗာ​လ​၏​ယဇ်​ပလ္လင်​နှင့်​ယင်း ၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ်​သ​မီး​၏​အ​မှတ် လက္ခ​ဏာ​သစ်​ပင်​တို့​ကို ခုတ်​လှဲ​လိုက်​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

Ver Capítulo Copiar

Garrad Bible

30 ဗာ လ နတ်၏ ပ လ္လင် ကို ဖြို ဖျက်၍ အ နီး ရှိ တံ ခွန် တိုင် ကို လည်း ခုတ် လှဲ သော သင့် သား ကို သေ ဒဏ် ခံ ရန် ထုတ် လော့ ဟု ယော ရှ အား မြို့ သား တို့ ပြော ဆို ကြ သော်၊

Ver Capítulo Copiar

Judson Bible

30 ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊

Ver Capítulo Copiar




သူ​ကြီး 6:30
7 Referencias Cruzadas  

ထိုအခါ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​က မှူးမတ်​များ​နှင့်​ပြည်သူပြည်သား​အပေါင်း​တို့​အား “​သင်​တို့​နား​နှင့်​ဆတ်ဆတ်​ကြား​ကြ​သည့်​အတိုင်း သူ​သည် ဤ​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​သောကြောင့် သေဒဏ်​ခံထိုက်​သည်​”​ဟု ပြောဆို​ကြ​၏​။


ထို​ပြည်​သည် ရုပ်တု​ပေါများ​ရာ​ပြည်​ဖြစ်​၏​။ ရုပ်တု​များ​ကို အရူးအမူး​စွဲလမ်း​ကြ​၏​။ ထို့ကြောင့် ထို​ပြည်​၌ မိုးခေါင်​လေ​ပြီ​၊ ရေ​များ​ခန်းခြောက်​လေ​ပြီ​။


လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ကြ​လိမ့်မည်။ ထိုမျှမက သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိမိ​တို့​သည် ဘုရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်မှတ်​သော​အချိန်​ကာလ​ရောက်လာ​တော့မည်။


အမှန်စင်စစ် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​၏​နာမ​တော်​အား ဆန့်ကျင်​သည့်​အမှု​များစွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်မှတ်​၍


စိတ်အား​ထက်သန်​မှု​အရ​ဆို​လျှင် အသင်းတော်​ကို​ညှဉ်းဆဲ​သော​သူ၊ ပညတ်​တရား​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​အရ​ဆို​လျှင် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​၏။


“​ဤ​အမှု​ကို မည်သူ​ပြု​သနည်း​”​ဟု တစ်ယောက်​ကို​တစ်ယောက်​မေးမြန်း​ကြ​၏​။ လိုက်လံ​စုံစမ်း​သောအခါ လူ​တို့​က “ဤ​အမှု​ကို ယောရှ​၏​သား ဂိဒေါင်​ပြု​သည်”​ဟု ဆို​ကြ​၏​။


ယောရှ​က မိမိ​ကို ရန်ရှာ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​သည် ဗာလ​ဘုရား​ဘက်​မှ ရပ်တည်​မည်လော​။ သူ့​ကို ကယ်တင်​မည်လော​။ သူ့​ဘက်​၌ ရပ်တည်​သော​သူ​မည်သူမဆို နေမထွက်မီ အသတ်​ခံရ​မည်​။ သူ​သည် ဘုရား​မှန်လျှင် သူ​၏​ယဇ်ပလ္လင် ဖြိုဖျက်​ခံရ​သောကြောင့် သူ​ကိုယ်တိုင် ဖြေရှင်း​ပါစေ​”​ဟု ဆို​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos