သူကြီး 6:27 - မြန်မာ့စံမီသမ္မာကျမ်း27 ဂိဒေါင်လည်း မိမိ၏အစေအပါးဆယ်ယောက်ကိုခေါ်၍ ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်းပြုလေ၏။ သူသည် ဖခင်၏အိမ်သားများ၊ မြို့သားများကိုကြောက်သောကြောင့် နေ့အချိန်၌ မပြုဘဲ ညအချိန်၌ ပြုလေ၏။ Ver CapítuloCommon Language Bible27 သို့ဖြစ်၍ဂိဒေါင်သည်အစေခံဆယ်ယောက် ကိုခေါ်၍ မိမိအားထာဝရဘုရားမိန့်တော် မူသည့်အတိုင်းပြုစေသည်။ သူသည်မိမိ အိမ်ထောင်စုဝင်တို့ကိုလည်းကောင်း၊ မြို့သူ မြို့သားများကိုလည်းကောင်းကြောက်သဖြင့် ဤအမှုကိုနေ့အချိန်၌မပြုဝံ့ဘဲည အချိန်၌ပြု၏။ Ver CapítuloGarrad Bible27 ဂိ ဒေါင် လည်း ငယ် သား တစ် ဆယ် ကို ခေါ် ပြီး လျှင်၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ပြု လေ၏။ သို့ ရာ တွင် အ ဘ အိမ် ထောင် သား ချင်း နှင့် မြို့ သား တို့ ကို ကြောက် ရွံ့ သည့် အ လျောက် နေ့ အ ချိန် တွင် မ ပြု ဝံ့ ဘဲ ညဉ့် အ ချိန် တွင် ပြု လေ ၏။ Ver CapítuloJudson Bible27 ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကိုလည်းကောင်း၊ မြို့သားတို့ကိုလည်းကောင်း ကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညအချိန်၌ ပြု၏။ Ver Capítulo |