သူကြီး 4:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုဘုရင်၌ သံစစ်ရထားအစီး ကိုးရာရှိ၏။ သူသည် အစ္စရေးအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး ရက်ရက်စက်စက်ညှဉ်းဆဲသောကြောင့် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။ Ver CapítuloCommon Language Bible3 ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။ Ver CapítuloGarrad Bible3 ထို မင်း တွင် သံ ဖြင့် ပြီး သော စစ် ရ ထား ကိုး ရာ ရှိ လျက် အ နှစ် နှစ် ဆယ် ပတ် လုံး၊ ဣ သ ရေ လ အ မျိုး သား တို့ ကို ပြင်း စွာ နှိပ် စက် သော ကြောင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ ကုန် ၏။ Ver CapítuloJudson Bible3 ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။ Ver Capítulo |