သူကြီး 4:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဒေဗောရက ဗာရက်အား “ဤနေ့ကား သိသရကို သင့်လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှချီတော်မူသည်မဟုတ်လော”ဟု ဆိုသော် ဗာရက်သည် လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းသွားကြ၏။ Ver CapítuloCommon Language Bible14 ထိုအခါဒေဗောရကဗာရက်အား``သင်သွား လော့။ ထာဝရဘုရားသည်သင့်အားရှေ့ဆောင် လျက်နေတော်မူပြီ။ ယနေ့၌ပင်ကိုယ်တော် သည်သင့်အားသိသရအပေါ်တွင်အောင်ပွဲ ခံစေတော်မူလေပြီ'' ဟုပြော၏။ သို့ဖြစ်၍ ဗာရက်သည်မိမိ၏လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းပြီးနောက်၊- Ver CapítuloGarrad Bible14 ဗာ ရက် အား ဒေ ဗော ရ က၊ ထ လော့။ ယ နေ့ ကား၊ သိ သ ရ ကို သင့် လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သော နေ့ ဖြစ် သည့် အ လျောက် ထာ ဝ ရ ဘု ရား သည် သင့် ရှေ့ က ကြွ ချီ တော် မူ ပြီ မ ဟုတ် လော ဟု ဆို လေ သော် လူ တစ် သောင်း နှင့် တ ကွ တာ ဗော် တောင် က ဗာ ရက် ဆင်း သွား လေ၏။ Ver CapítuloJudson Bible14 ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတစ်သောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။ Ver Capítulo |
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။
ထလော့။ လူတို့ကို သန့်ရှင်းစေလော့။ သူတို့အား ‘မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်တို့အလယ်၌ ကျိန်ခြင်းခံရသောအရာရှိ၏။ ထိုကျိန်ခြင်းခံရသောအရာကို သင်တို့ထဲမှမဖယ်ရှားမချင်း သင်တို့သည် ရန်သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။