သူကြီး 4:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုစဉ်က ကေနိလူမျိုး၊ ဟေဗာသည် မောရှေယောက္ခမဟောဗပ်၏သားမြေးများဖြစ်သည့် ကေနိလူမျိုးတို့မှ ခွဲထွက်၍ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ဝက်သစ်ချပင်အောက်တွင် တဲထိုးနေ၏။ Ver CapítuloCommon Language Bible11 ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။ Ver CapítuloGarrad Bible11 မော ရှေ့ ယော က္ခ မ ဖြစ် သော ဟော ဗပ်၏ သား မြေး မြစ် အ ပါ အ ဝင်၊ ကေ နိ အ မျိုး သား ဟေ ဗာ သည် ကေနိ လူ မျိုး နှင့် ခွာ ၍၊ ကေ ဒေ ရှ မြို့ အ နီး၊ ဇာ န န္နိမ် အ ရပ် ရှိ ညန် ပင် ခြေ ရင်း အ ထိ တဲ စိုက် နှင့် သ တည်း။ Ver CapítuloJudson Bible11 မောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။ Ver Capítulo |
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
ရှောလုမင်းကြီးက ကေနိလူမျိုးတို့အား “အာမလက်လူမျိုးတို့ထံမှ ဝေးစွာထွက်သွားလော့။ သို့မဟုတ်လျှင် သင်တို့ကို သူတို့နှင့်အတူ ဖျက်ဆီးမိလိမ့်မည်။ အစ္စရေးအမျိုးသားအပေါင်းတို့ အီဂျစ်ပြည်မှ ထွက်လာစဉ်က သင်တို့သည် သူတို့အားမေတ္တာကရုဏာကို ပြသခဲ့ပြီ”ဟု ဆိုသဖြင့် ကေနိလူမျိုးတို့သည် အာမလက်လူမျိုးတို့ထံမှ ထွက်သွားကြ၏။