သူကြီး 3:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။ Ver CapítuloCommon Language Bible8 သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။- Ver CapítuloGarrad Bible8 ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား သ ဖြင့် မေ သော ပေါ တာ မိ ဘု ရင် ခု ရှံ ရိ ရှ သိမ် မင်း လက် တွင်း သို့ ရောင်း ချ တော် မူ၍ ရှစ် နှစ် ပတ် လုံး ကျွန် ခံ ရ သည် နှင့် Ver CapítuloJudson Bible8 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင်ခုရှံရိရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ကျွန်ခံရကြ၏။ Ver Capítulo |
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
သို့သော် သင်တို့၏ဘိုးဘေးတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့ကြသဖြင့် ကိုယ်တော်သည် သူတို့ကို ဟာဇော်စစ်သူကြီးသိသရ၏လက်သို့လည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်တို့လက်သို့လည်းကောင်း အပ်လိုက်တော်မူ၏။ ထိုသူတို့သည်လည်း ဘိုးဘေးတို့ကို တိုက်ခိုက်လေ၏။