သူကြီး 3:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ပြန်သဖြင့် ထာဝရဘုရားက ဗင်္ယာမိန်အမျိုး၊ ဂေရ၏သား လက်ဝဲလက်အားသန်သူဧဟုဒကို ကယ်တင်သူအဖြစ် ပေါ်ထွန်းစေပြန်၏။ တစ်ခါတွင် အစ္စရေးအမျိုးသားတို့သည် ဧဟုဒမှတစ်ဆင့် မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်ဆက်သစေ၏။ Ver CapítuloCommon Language Bible15 ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။- Ver CapítuloGarrad Bible15 ကယ် ဆယ် သူ အ ဖြစ်၊ ဝဲ လက် သန် မာ သည့် ဗင်္ယာ မိန့် အ နွယ် ဂေ ရ သား ဧ ဟု ဒ ကို သူ တို့ ဘက် တွင် ပေါ် ထွန်း စေ တော် မူ၏။ မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ လက် ဆောင် ပ ဏ္ဏာ ပို့ ဆက် ရန် Ver CapítuloJudson Bible15 နောက်တစ်ဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သောသခင်၊ လက်ယာလက်ကိုမသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင်ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။ Ver Capítulo |