သူကြီး 3:1 - မြန်မာ့စံမီသမ္မာကျမ်း1 ခါနာန်ပြည်စစ်ပွဲတွင် မပါဝင်ဖူးသောအစ္စရေးလူမျိုးများကို စမ်းသပ်ရန် ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများမှာ Ver CapítuloCommon Language Bible1 သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။- Ver CapítuloGarrad Bible1-2 ခါ နာန် ပြည် တွင် ဖြစ် ပွား သ မျှ သော စစ် ရေး ကို မ ကျွမ်း ကျင် သူ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို စုံ စမ်း ခြင်း ငှာ လည်း ကောင်း၊ စစ် ရေး ကို မ လိ မ္မာ သူ၊ ဣ သ ရေ လ အ မျိုး သား အ စဉ် အ ဆက် တို့ သည် စစ် အ တတ် ကို သင် ကြား ၍၊ ကျင် လည် စေ ခြင်း ငှာ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ခြွင်း ချန် တော် မူ သော လူ မျိုး ခြား တို့ ဟူ မူ ကား၊ Ver CapítuloJudson Bible1-2 ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလ အမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ စစ်မှုကိုမသိသော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများဟူမူကား၊ Ver Capítulo |
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။