သူကြီး 21:7 - မြန်မာ့စံမီသမ္မာကျမ်း7 ငါတို့သည် ကိုယ့်သမီးကို သူတို့နှင့်မပေးစားနိုင်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခဲ့ပြီဖြစ်၍ ကျန်ရစ်သောဗင်္ယာမိန်အမျိုးအနွယ်တို့ အိမ်ထောင်ပြုရန် မည်သို့ကူညီပေးနိုင်မည်နည်း”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible7 ကျန်ရှိနေသေးသောဗင်္ယာမိန်အမျိုးသား တို့အတွက်မယားများရရှိနိုင်ရန် ငါတို့ အဘယ်သို့ပြုကြရပါမည်နည်း။ ငါတို့ သမီးများကိုသူတို့နှင့်ထိမ်းမြားခြင်းမပြု ဟုထာဝရဘုရားကိုတိုင်တည်၍ငါတို့ သစ္စာဆိုပြီးလေပြီ'' ဟုဆိုကြ၏။ Ver CapítuloGarrad Bible7 ငါ တို့ သည် သူ တို့ အား သ မီး ထိမ်း မြား ခြင်း မ ပြု ရ ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို နှင့် ပြီး ဖြစ်၍၊ ကျန် ရှိ သူ တို့ အ တွက် မိန်း မ များ ကို မည် သို့ စီ မံ ရ မည် နည်း ဟူ၍လည်း ကောင်း၊ Ver CapítuloJudson Bible7 ငါတို့သည် ကိုယ်သမီးကို သူတို့အားမပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဖို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍လည်းကောင်း၊ Ver Capítulo |
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။