သူကြီး 21:5 - မြန်မာ့စံမီသမ္မာကျမ်း5 အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။ Ver CapítuloCommon Language Bible5 သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-) Ver CapítuloGarrad Bible5 ဣ သ ရေ လ အ မျိုး သား တို့ သည် မိ ဇ ပါ မြို့၊ ထာ ဝ ရ ဘု ရား အ ထံ တော် သို့ မ လာ မ ရောက် သူ ကို ရည် လျက် ထို သူ တို့ မှာ သေ ဒဏ် ခံ စေ ဟု အ ထူး သ စ္စာ ထား နှင့် ပြီး ဖြစ် သော ကြောင့် ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ အ နက် ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပ ရိ သတ် နှင့် အ တူ မ ပါ မ ဝင် သူ ကား မည် သူ နည်း ဟု စစ် မေး ကြ ၏။ Ver CapítuloJudson Bible5 ဣသရေလ အမျိုးသားတို့ကလည်း၊ ဣသရေလ အမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကိုခံစေဟု ကြီးစွာသောကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။ Ver Capítulo |
နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။