သူကြီး 20:32 - မြန်မာ့စံမီသမ္မာကျမ်း32 ဗင်္ယာမိန်အမျိုးသားတို့ကလည်း “ယခင်ကကဲ့သို့ပင် သူတို့ရှုံးပြန်ပြီ”ဟု ဆို၏။ အစ္စရေးအမျိုးသားတို့ကမူ “ငါတို့ ထွက်ပြေးကြစို့။ သူတို့ကို မြို့နှင့်ဝေးရာ လမ်းမများဆီသို့ မျှားခေါ်သွားကြစို့”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible32 ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။ သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။- Ver CapítuloGarrad Bible32 ဗင်္ယာ မိန့် အ နွယ် သား တို့ က၊ ငါ တို့ ရှေ့ ယ မန် ကဲ့ သို့ ရှုံး ခဲ့ ပြီ ဟု ဝင့် ဝါ ကြ သည် နှင့် ဣ သ ရေ လ အ မျိုး သား တို့ က မြို့ နှင့် ကွာ ဝေး သော လမ်း တိုင် အောင် ဆုတ် ပြေး သွေး ဆောင် ကြ စို့ ဟု ဆို ကြ၏။ Ver CapítuloJudson Bible32 ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလအမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသောလမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊ Ver Capítulo |
မြို့ထဲမှ မီးခိုးလုံးကြီးတက်လာလျှင် အစ္စရေးတပ်သည် စစ်ပွဲထဲသို့ပြန်လှည့်မည်ဟူ၍ ဖြစ်၏။ ဗင်္ယာမိန်အမျိုးသားတို့မူကား အစ္စရေးအမျိုးသားတို့နှင့် စတိုက်စဉ်က လူအယောက်သုံးဆယ်ခန့်ကို သတ်မိလေသဖြင့် “သူတို့သည် ယခင်စစ်ပွဲများကဲ့သို့ပင် ငါတို့ကို ရှုံးနိမ့်လေပြီ”ဟု ဆိုကြ၏။