သူကြီး 20:28 - မြန်မာ့စံမီသမ္မာကျမ်း28 အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloJudson Bible28 ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။