သူကြီး 20:18 - မြန်မာ့စံမီသမ္မာကျမ်း18 အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible18 ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။ Ver CapítuloGarrad Bible18 ဣ သ ရေ လ အ မျိုး သား တို့ သည် ဗေ သ လ မြို့ သို့ ချီ သွား ပြီး လျှင်၊ အ ကျွန်ုပ် တို့ အ ဖို့ ဗင်္ယာ မိန့် အ နွယ် နှင့် စစ် ပြိုင် ရန် မည် သူ ဦး စား ချီ တက် ရ ပါ မည် နည်း ဟု ဘု ရား သ ခင် အား မေး လျှောက် ကြ ရာ၊ ထာ ဝ ရ ဘု ရား က ယု ဒ အ နွယ် ဦး စွာ ချီ ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း Ver CapítuloJudson Bible18 ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။ Ver Capítulo |
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။