သူကြီး 19:19 - မြန်မာ့စံမီသမ္မာကျမ်း19 အကျွန်ုပ်တို့ မြည်းများအတွက် ကောက်ရိုးအပြင် အခြားတိရစ္ဆာန်အစာများလည်းရှိပါ၏။ အကျွန်ုပ်နှင့် အကျွန်ုပ်မယား၊ အကျွန်ုပ်ငယ်သားတို့အတွက် မုန့်နှင့် စပျစ်ဝိုင် ရှိပါ၏။ ဘာမျှမလိုအပ်ပါ”ဟု ပြန်ဖြေ၏။ Ver CapítuloCommon Language Bible19 ကျွန်ုပ်တို့တွင်မိမိတို့မြည်းများအတွက် ကောက်ရိုး၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏မယားနှင့် အစေခံအတွက် အစားအစာနှင့်စပျစ် ရည်ရှိပါ၏။ အကျွန်ုပ်တို့မှာတစ်စုံတစ်ခု မျှမလိုပါ'' ဟုပြန်ပြောလေသည်။ Ver CapítuloJudson Bible19 သို့ရာတွင် မြည်းဖို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော်ကျွန်မ လိုက်လာသော ငယ်သားဖို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစ်စုံတစ်ခုမျှ မလိုပါဟု ပြောဆို၏။ Ver Capítulo |
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။