သူကြီး 18:29 - မြန်မာ့စံမီသမ္မာကျမ်း29 ယခင်က လဲရှ ဟုခေါ်သောမြို့ကို ဒန်အမျိုးသားတို့သည် သူတို့၏ဘိုးဘေးဖြစ်သော အစ္စရေး၏သား ဒန်ကိုအစွဲပြု၍ ဒန်မြို့ဟုခေါ်ကြ၏။ Ver CapítuloCommon Language Bible29 ယင်းအမည်လဲရှမြို့ကိုလည်းယာကုပ် ၏သား မိမိတို့၏ဘိုးဘေးဖြစ်သူဒန်ကို အစွဲပြု၍ဒန်မြို့ဟုပြောင်းလဲခေါ်ဝေါ် ကြ၏။- Ver CapítuloGarrad Bible29 ဣ သ ရေ လ ရ သော သား၊ ၎င်း တို့ ဘိုး ဘေး ဖြစ် သော ဒန့် အ မည် အ လိုက် လဲ ရှ အ မည် ဟောင်း ရှိ သော ထို မြို့ ကို ဒန့် မြို့ ဟု ခေါ် ဝေါ် ကြ သ တည်း။ Ver CapítuloJudson Bible29 ထိုမြို့ကို သူတို့အမျိုး၏အဘ ဣသရေလ၏သား ဒန်အမည်ကိုမှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့အမည်ဟောင်းကား လဲရှတည်း။ Ver Capítulo |
ဒန်အမျိုးသားတို့သည် မိမိတို့၏နယ်နိမိတ်ကိုကျော်လွန်၍ လဲရှမြို့ကို ချီတက်တိုက်ခိုက်ကြ၏။ ထိုမြို့ကိုသိမ်းပိုက်ပြီးလျှင် မြို့သူမြို့သားတို့ကို ဓားဖြင့်လုပ်ကြံပြီး ထိုမြို့၌ အခြေချနေထိုင်ကြ၏။ ထို့နောက် သူတို့ဘိုးဘေး၏အမည်ဖြစ်သော ဒန်ကို အစွဲပြု၍ ထိုမြို့ကို ဒန်မြို့ဟု ခေါ်ဆိုကြ၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။