သူကြီး 16:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထိုဝတ်ကျောင်းထဲတွင် ယောက်ျား၊ မိန်းမများနှင့် ပြည့်လျှံလျက် ရှိ၏။ ဖိလိတ္တိမင်းတို့အပါအဝင် ခေါင်မိုးပြင်ပေါ်တွင် ယောက်ျားမိန်းမသုံးထောင်တို့သည် ရှံဆုန်ဖျော်ဖြေနေသည်ကို ကြည့်ရှုကြ၏။ Ver CapítuloCommon Language Bible27 ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။ Ver CapítuloGarrad Bible27 ထို ကျောင်း မှာ ဖိ လိ တ္တိ မင်း ပေါင်း တို့ ပါ ယောက်ျား မိန်း မ ပြည့် နှက် စွာ ရှိ သည့် ပြင် ရှံ ဆုန် ရွှင် လန်း စေ သည့် ကာ လ အ မိုး ထက် ကြည့် ရှု နေ ထိုင် သူ ယောက်ျား မိန်း မ သုံး ထောင် ခန့် ရှိ ရာ Ver CapítuloJudson Bible27 ထိုဇရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ ဇရပ်မိုးပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏။ Ver Capítulo |
ရှံဆုန်ကလည်း ထာဝရဘုရားထံ “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို ဤတစ်ကြိမ်သာ ခွန်အားပေးတော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကိုဖောက်ထုတ်ပစ်သော ဤဖိလိတ္တိလူမျိုးကို တစ်ခါတည်း အပြီးလက်တုံ့ပြန်ခွင့်ပြုတော်မူပါ ဘုရားသခင်”ဟု ဆုတောင်း၏။