သူကြီး 16:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုအခါ ဒေလိလက ရှံဆုန်အား “သင်သည် အကျွန်ုပ်ကို လိမ်လည်လှည့်စားပြီ။ သင့်ကို မည်သို့ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါ”ဟု မေးပြန်၏။ Ver CapítuloCommon Language Bible10 ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။ Ver CapítuloGarrad Bible10 ကျွန် မ ကို လှောင်၍ မု သာ သုံး လေ ပြီ။ ယ ခု မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကို ဖော် ပြ ပါ ဟု ဒေ လိ လ တောင်း ပန် ပြန် သော်၊ Ver CapítuloJudson Bible10 ဒေလိလကလည်း၊ သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင်ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ Ver Capítulo |
ဒေလိလကလည်း ရှံဆုန်အား “သင်သည် ယခုချိန်ထိ အကျွန်ုပ်ကို လိမ်လည်လှည့်စားသေး၏။ သင့်ကို မည်သို့ ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါလော့”ဟု ဆိုပြန်ရာ ရှံဆုန်က သူ့အား “ငါ့ဆံပင်အစုခုနစ်စုကို ရက်ကန်းထဲသို့ တိုင်ချည်အဖြစ်ရက်သွင်းလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်မည်”ဟု ပြန်ပြော၏။
လူအချို့သည် ဒေလိလ၏အတွင်းခန်းထဲ၌ စောင့်ကြည့်ချောင်းမြောင်းနေကြ၏။ ဒေလိလကလည်း “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်က လေးကြိုးတို့ကိုဖြတ်လိုက်ရာ ထိုကြိုးတို့သည် မီးထိသကဲ့သို့ တစ်စစီပြတ်ကုန်၏။ ထို့ကြောင့် သူ့ခွန်အားသည် အဘယ်ကဖြစ်သည်ကို မသိရ။