သူကြီး 15:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဖိလိတ္တိလူမျိုးတို့က “ဤအမှုကို မည်သူပြုသနည်း”ဟု မေးမြန်းကြသောအခါ “တိမနတ်မြို့သား၏သမက် ရှံဆုန်သည် သူ့ယောက္ခမက သူ့မယားကို သူ့အဖော်နှင့်ပေးစားလိုက်သောကြောင့် ဤအမှုကို သူပြုလေပြီ”ဟု ဆိုကြလျှင် ဖိလိတ္တိလူမျိုးတို့သည် ထိုအမျိုးသမီးနှင့် သူ့ဖခင်ကို မီးရှို့ပစ်လေ၏။ Ver CapítuloCommon Language Bible6 ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။ Ver CapítuloGarrad Bible6 ဖိ လိ တ္တိ လူ မျိုး တို့ က ဤ အ မှု ကို မည် သူ ပြု သ နည်း ဟု မေး မြန်း ကြ သော်၊ တိ မ နတ် မြို့ သား သည် သ မက် ရှံ ဆုန်၏ မ ယား ကို ပြန် သိမ်း၍ ၎င်း မိတ် ဆွေ အား ပေး စား သော ကြောင့် ရှံ ဆုန် ပြု လုပ် လေ ပြီ ဟု ပြန် ဆို ကြ လျှင် အ ဘ နှင့် တ ကွ သ မီး ပါ မီး တိုက် ကြ ကုန်၏။ Ver CapítuloJudson Bible6 ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဖော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည်လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။ Ver Capítulo |
ခုနစ်ရက်မြောက်သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။