သူကြီး 14:15 - မြန်မာ့စံမီသမ္မာကျမ်း15 ခုနစ်ရက်မြောက်သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible15 လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။ Ver CapítuloGarrad Bible15 လေး ရက် မြောက် သော နေ့ တွင် ရှံ ဆုန် မ ယား အား သူ တို့ က၊ သင် နှင့် တ ကွ အ ဘ အိမ် ထောင် ကို ငါ တို့ မီး မ တိုက် စေ ရန် ထို သို့ သော စ ကား ထာ ကို ဖော် ပြ ပါ မည့် အ ကြောင်း၊ ကိုယ့် လင် ကို ဖြား ယောင်း ပါ။ ငါ တို့ ဉစ္စာ ကို ရ ရန် သာ ခေါ် ဖိတ် သည် မ ဟုတ် တုံ လော ဟု ကြိမ်း မောင်း ကြ သည် နှင့် Ver CapítuloJudson Bible15 စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဖော်ပြစေခြင်းငှာ သူ့ကို ချော့မော့ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှာ ငါတို့ကို ခေါ်ဖိတ်သလောဟု ရှံဆုန်၏မယားကို ဆိုသောကြောင့်၊ Ver Capítulo |
ဖိလိတ္တိလူမျိုးတို့က “ဤအမှုကို မည်သူပြုသနည်း”ဟု မေးမြန်းကြသောအခါ “တိမနတ်မြို့သား၏သမက် ရှံဆုန်သည် သူ့ယောက္ခမက သူ့မယားကို သူ့အဖော်နှင့်ပေးစားလိုက်သောကြောင့် ဤအမှုကို သူပြုလေပြီ”ဟု ဆိုကြလျှင် ဖိလိတ္တိလူမျိုးတို့သည် ထိုအမျိုးသမီးနှင့် သူ့ဖခင်ကို မီးရှို့ပစ်လေ၏။