သူကြီး 12:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထို့နောက် ယေဖသသည် ဂိလဒ်ပြည်သားအပေါင်းတို့ကို စုရုံး၍ ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်လေ၏။ “ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်ပြည်၊ မနာရှေပြည်တို့မှ ထွက်ပြေးလာသောဝရမ်းပြေးများသာဖြစ်သည်”ဟု ဆိုသောကြောင့် ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ Ver CapítuloCommon Language Bible4 ထိုနောက်ယေဖသသည်ဂိလဒ်သူရဲအပေါင်း တို့ကိုစုရုံးစေလျက် ဧဖရိမ်အမျိုးသား တို့အားတိုက်ခိုက်လေသည်။ (ဧဖရိမ်ပြည် နှင့်မနာရှေပြည်တွင်နေထိုင်သောဂိလဒ် ပြည်သားတို့သည် သစ္စာဖောက်၍ဧဖရိမ် ပြည်မှထွက်သွားသူများဟူ၍စွပ်စွဲ ပြောဆိုခဲ့သတည်း။-) Ver CapítuloGarrad Bible4 ဂိ လဒ် သူ ရဲ အ ပေါင်း တို့ ကို စု ရုံး၍ ဧ ဖ ရိမ့် အ နွယ် သား တို့ နှင့် စစ် ပြိုင် ရာ ဧ ဖ ရိမ့် အ နွယ် သား တို့ က အ ချင်း ဂိ လဒ် ပြည် သား တို့ သင် တို့ သည် ဧ ဖ ရိမ်၊ မ နာ ရှေ့ အ နွယ် များ အ တွင်း မှ ထွက် ပြေး ရ သူ မျှ သာ ဖြစ် သ တည်း ဟု ကဲ့ ရဲ့ သည် ကို ထောက်၍ ဂိ လဒ် သူ ရဲ တို့ လုပ် ကြံ ကြ ၏။ Ver CapítuloJudson Bible4 ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဖူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။ Ver Capítulo |
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်