သူကြီး 11:39 - မြန်မာ့စံမီသမ္မာကျမ်း39 နှစ်လပြည့်သောအခါ သူသည် ဖခင်ထံပြန်လာ၏။ ဖခင်သည်လည်း မိမိကတိသစ္စာပြုသည့်အတိုင်း သမီး၌ ပြုလေ၏။ သူသည် ယောက်ျားနှင့်မဆက်ဆံဖူးသောအပျိုစင်ဖြစ်၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့တွင် ဓလေ့တစ်ခုဖြစ်လာလေ၏။ Ver CapítuloCommon Language Bible39 နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊- Ver CapítuloGarrad Bible39-40 နှစ် လ စေ့ သော အ ခါ အ ဖ ထံ ပြန် လာ လျှင်၊ သ စ္စာ ဆို မိ သည့် အ လျောက် လင် ကင်း သေး သော ထို သ မီး ကို စီ ရင် လေ၏။ ထို နောက် ဣ သ ရေ လ အ မျိုး သ မီး တို့ သည် တစ် နှစ် လျှင် တစ် ကြိမ်၊ လေး ရက် အ တွင်း ဂိ လဒ် အ နွယ် ယေ ဖ သ၏ သ မီး ပျို အ တွက် အောက် မေ့ ခြင်း ပွဲ ပြု လုပ် သော ထုံး စံ ဖြစ် လေ၏။ Ver CapítuloJudson Bible39 နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာကတိရှိသည်အတိုင်းပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသောသူဖြစ်၏။ Ver Capítulo |
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။