သူကြီး 1:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် Ver CapítuloCommon Language Bible1 ယောရှုကွယ်လွန်သွားသောအခါ ဣသရေလ အမျိုးသားတို့က``မည်သည့်အနွယ်ဝင်သည် ခါနာန်ပြည်သားတို့အား ဦးစွာပထမသွား ရောက်တိုက်ခိုက်ရပါမည်နည်း'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ Ver CapítuloGarrad Bible1 ယော ရှု ကွယ် လွန် ပြီး နောက်၊ ဣ သ ရေ လ အ မျိုး သား တို့ က၊ ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် အ ကျွန်ုပ် တို့ ဘက်၌ မည် သူ တပ် ဦး ချီ တက် ရ ပါ မည် နည်း ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ကြ ရာ၊ Ver CapítuloJudson Bible1 ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊ Ver Capítulo |
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားထဲ၌ ဥရိမ်၊ သုမိမ်ကိုထည့်ထားရမည်။ အာရုန်သည် ထာဝရဘုရားရှေ့တော်သို့ဝင်သောအခါ ဥရိမ်၊ သုမိမ်သည် သူ၏နှလုံးပေါ်တွင်ရှိနေရမည်။ ဤသို့ဖြင့် ထာဝရဘုရားရှေ့တော်၌ အာရုန်သည် အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောတရားစီရင်ချက်ကို မိမိ၏နှလုံးပေါ်တွင် အစဉ်ဆောင်ထားရမည်။
မနာရှေအမျိုးအနွယ်သည် ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ စသည်တို့၌နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ကြ။ ခါနာန်လူမျိုးတို့သည် ထိုပြည်၌ အတင်းနေထိုင်ကြ၏။
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။