Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 7:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​၏​စိတ်နှလုံး​ကို ထို​မိန်းမ​၏​လမ်း​များ​ဘက်​သို့ မ​လှည့်​စေ​နှင့်​။ လမ်းလွဲ​၍ သူ​သွား​ရာ​လမ်း​များ​ထဲသို့ မ​သွား​နှင့်​။

Ver Capítulo Copiar

Common Language Bible

25 ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။

Ver Capítulo Copiar

Garrad Bible

25 ထို သို့ သော မိန်း မ၏ အ လေ့ အ လာ ကို၊ စိတ် ငဲ့ ကွက် လျက် လမ်း မ လွဲ နှင့်။

Ver Capítulo Copiar

Judson Bible

25 ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ကို စိတ်​မ​ငဲ့​ကွက်​နှင့်။ သူ​ကျင်​လည်​သော လမ်း​ခ​ရီး​သို့ လွှဲ၍​မ​လိုက်​နှင့်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 7:25
10 Referencias Cruzadas  

အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။


သူ​သည် ဆုံးမပဲ့ပြင်​ခြင်း​မ​ခံရ​သောကြောင့် သေ​ရ​လိမ့်မည်​။ သူ​၏​ကြီးမား​သော​မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​ရ​လိမ့်မည်​။


သင်​၏​လမ်း​ကို ထိုသို့သော​မိန်းမ​နှင့် ဝေးကွာ​စေ​လော့​။ သူ​၏​အိမ်​တံခါး​အနီး​သို့​လည်း မ​ချဉ်းကပ်​နှင့်​။


သင်​၏​စိတ်နှလုံး​ထဲတွင် ထို​မိန်းမ​၏​အလှ​ကို မ​တပ်မက်​နှင့်​။ သူ့​မျက်လွှာ​ဖြင့် ညှို့ယူ​ဖမ်းစား​ခြင်း​ကို​မ​ခံ​နှင့်​။


အကြောင်းမူကား သူ​သည် များစွာ​သော​သူ​တို့​ကို​ဒဏ်ရာ​ရ​စေ​၍ လဲကျ​စေ​ခဲ့​၏​။ သူ​၏​သတ်ဖြတ်​ခြင်း​ခံရ​သော​သူ​အားလုံး​သည် အင်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။


လမ်း​၌​ဖြတ်သန်းသွားလာ​သော​သူ​များ​၊ မိမိ​တို့​လမ်းခရီး​ကို ဖြောင့်တန်း​စွာ​သွား​နေ​သော​သူ​များ​အား


ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos