Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 5:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

22 အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။

Ver Capítulo Copiar

Garrad Bible

22 လူ ဆိုး ပြု သော ဒု စ ရိုက် သည်၊ ကိုယ် ကို ဖမ်း မိ၍၊ အ ပြစ် နှောင် ကြိုး များ လည်း ရစ် ပတ် လိမ့် မည်။

Ver Capítulo Copiar

Judson Bible

22 အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 5:22
30 Referencias Cruzadas  

ဧလိယ​က “​အစ္စရေး​လူမျိုး​ကို ဒုက္ခပေး​သူ​မှာ ငါ​မ​ဟုတ်​။ ထာဝရဘုရား​၏​ပညတ်ချက်​တို့​ကို စွန့်ပယ်​ပြီး ဗာလ​ဘုရား​နောက်သို့​လိုက်​သော သင်​နှင့်​သင့်​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​များ​ပင် ဖြစ်​၏​။


သို့သော် ထို​သတင်း ဘုရင့်​ထံ​ပေါက်ကြား​သောအခါ ရှင်ဘုရင်​က ဂျူး​လူမျိုး​တို့​အား ဖျက်ဆီး​ရန်​ကြံစည်​သော ဟာမန်​၏​ယုတ်မာ​သော​အကြံအစည်​ကို သူ့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​ဟူ၍​လည်းကောင်း​၊ သူ​နှင့်​သူ့​သား​များ​ကို သစ်တိုင်​၌ ဆွဲထား​ရ​မည်​ဟူ၍​လည်းကောင်း အမိန့်စာ​ထုတ်ပြန်​၏​။


အကြောင်းမူကား သူ့​ခြေ​တို့​သည် ပိုက်ကွန်​နှင့်​ငြိ​၍ သူ​သည်​လည်း ကွန်ရက်​ထဲတွင် လည်​နေ​လိမ့်မည်​။


အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။


လူမျိုးတကာ​တို့​သည် မိမိ​တို့​တူး​ထား​သော​တွင်း​ထဲသို့ ကျ​ကြ​ပြီ​။ သူ​တို့​ခြေ​သည် မိမိ​တို့​လျှို့ဝှက်​စွာ​ထောင်​ထား​သော ပိုက်ကွန်​၌​မိ​လေ​ပြီ​။


ဆိုးယုတ်​သော​သူ​တို့​နှင့် ဘုရားသခင်​ကို​မေ့လျော့​သော​လူမျိုး​အပေါင်း​တို့​သည် မရဏာနိုင်ငံ​သို့​လှည့်သွား​ကြ​ရ​လိမ့်မည်​။


ထို​သူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတ်ဖြတ်​ရန် ချောင်းမြောင်း​၍ ကိုယ့်​အသက်​ကို​ကိုယ် ပုန်းအောင်း​တိုက်ခိုက်​နေ​ကြ​ခြင်း​သာ​ဖြစ်​၏​။


ဖြောင့်မှန်​သော​သူ​တို့​၏​သမာဓိ​သည် သူ​တို့​ကို​ဦးဆောင်​လမ်းပြ​တတ်​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​ကောက်ကျစ်စဉ်းလဲ​ခြင်း​မူကား သူ​တို့​ကို​ဖျက်ဆီး​တတ်​၏​။


အပြစ်တင်စရာမရှိ​သော​သူ​၏​ဖြောင့်မတ်​ခြင်း​သည် သူ​၏​လမ်း​ကို​ဖြောင့်တန်း​စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား မိမိ​၏​ဆိုးယုတ်မှု​ကြောင့် ကျဆုံး​တတ်​၏​။


ဖြောင့်မှန်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​သည် သူ​တို့​ကို​ကယ်နုတ်​တတ်​၏​။ သစ္စာမဲ့​သော​သူ​တို့​မူကား မိမိ​တို့​၏​အလိုရမ္မက်​အားဖြင့် ဖမ်းဆီး​ခြင်း​ခံရ​တတ်​ကြ​၏​။


လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​အားဖြင့် ကောင်း​သော​အရာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ သူ့​လက်​၏​လုပ်ဆောင်မှု​သည်​လည်း သူ့​ထံသို့​ပြန်လာ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။


မိုက်မဲ​သော​သူ​၏​နှုတ်​သည် သူ့​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ သူ​၏​နှုတ်ခမ်း​သည်​လည်း သူ​၏​စိတ်ဝိညာဉ်​ကို​ဖမ်းမိ​သော​ထောင်ချောက်​ဖြစ်​၏​။


“​ထို​အမှု​ကို ငါ​တို့​မ​သိ​ခဲ့​ပါ​”​ဟု သင်​ဆို​လျှင်​လည်း စိတ်နှလုံး​တို့​ကို​ချိန်တွယ်​တော်မူ​သော​အရှင်​သည် ထို​အရာ​ကို​မ​သိ​နား​မ​လည်​ဘဲ​နေ​မည်လော​။ သင်​၏​စိတ်ဝိညာဉ်​ကို ထိန်းသိမ်းစောင့်ရှောက်​တော်မူ​သော​အရှင်​သည် မ​သိ​ဘဲ​နေ​မည်လော​။ ကိုယ်တော်​သည် လူ​တို့​အား မိမိ​လုပ်ဆောင်မှု​နှင့်အညီ မ​ဆပ်ပေး​ဘဲ​နေ​မည်လော​။


တွင်း​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​လိမ့်မည်​။ ကျောက်တုံး​ကို​လှိမ့်​သော​သူ​သည် သူ့​အပေါ်​သို့ ထို​ကျောက်တုံး ပြန်လိမ့်​လာ​လိမ့်မည်​။


တစ်ဖန် ပိုက်ကွန်​နှင့်​ထောင်ပိုက်​ကဲ့သို့သော​စိတ်နှလုံး​ရှိ​၍ လက်ထိတ်​ကဲ့သို့သော​လက်​ရှိ​သည့်​မိန်းမ​သည် သေ​ခြင်း​ထက် ပို၍​ခါး​သည်​ကို ငါ​တွေ့​ရ​၏​။ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​သည် ထို​မိန်းမ​၏​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ အပြစ်ပြု​သော​သူ​မူကား သူ​၏​ဖမ်းမိ​ခြင်း​ကို​ခံရ​လိမ့်မည်​။


သင်​၏​မကောင်းမှု​သည် သင့်​ကို​အပြစ်ဒဏ်​ပေး​လိမ့်မည်​။ သင်​၏​လမ်းလွဲဖောက်ပြန်မှု​သည် သင့်​ကို​ဆုံးမ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​၊ ငါ့​ကို မ​ကြောက်ရွံ့​ခြင်း​သည် ဆိုး​သော​အမှု​၊ ခါးသီး​သော​အမှု​ဖြစ်​သည်​ကို သိ​မှတ်​လော့​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ဘုရားသခင်​သည် လက်​တော်​ဖြင့် ငါ့​အပြစ်​ထမ်းပိုး​ကို ငါ့​လည်ပင်း​ပေါ် တင်​တော်မူ​ပြီ​။ ချည်နှောင်​တော်မူ​ပြီ​။ ငါ့​ခွန်အား​ကို​ချည့်နဲ့​စေ​တော်မူ​၍ ငါ​မ​တွန်းလှန်​နိုင်​သော​သူ​တို့​၏​လက်​ထဲသို့ ငါ့​ကို​အပ်လိုက်​တော်မူ​ပြီ​။


အကယ်စင်စစ် လူမျိုး​တကာ​တို့​ကို စီရင်​မည့် ထာဝရဘုရား​နေ့​တော်​သည် ရောက်လုနီး​ပြီ​။ ထို​နေ့​တွင်​သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ခံ​ရ​မည်​။ သင်​ပြု​သမျှ သင့်​ခေါင်း​ပေါ်​ပြန်ရောက်​လိမ့်မည်​။


ထိုသို့​မ​ပြု​လျှင် သင်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ပြီ​ဖြစ်၍ သင်​တို့​အပြစ်​အတွက် သင်​တို့ ခံရ​မည်​ဟု သိမှတ်​ကြ​လော့​။


မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။


အစ္စရေး​စစ်တပ်​လည်း ပြန်လှည့်​လာ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း အဖြစ်ဆိုး​နှင့်​ကြုံ​ရ​တော့​မည်​ကို သိ​၍​ထိတ်လန့်​နေ​ကြ​၏​။


ဘုရားသခင်​သည် ရှေခင်​အမျိုးသား​တို့​ပြု​ခဲ့​သော​မကောင်းမှု​အလုံးစုံ​တို့​ကို သူ​တို့​၏​ခေါင်း​ပေါ်သို့ ပြန်ကျ​စေ​တော်မူ​၏​။ ယေရုဗ္ဗာလ​၏​သား​ယောသံ​၏​ကျိန်​ခြင်း​သည် သူ​တို့​အပေါ် ကျရောက်​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos