Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 30:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 မျက်နှာ​အလွန်​ထောင်လွှား​၍ မိမိ​မျက်လွှာ​ကို ပင့်​ထား​သော​သူ​များ​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

13 အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊

Ver Capítulo Copiar

Garrad Bible

13 မျက် နှာ မောက် မော် တတ် သော လူ မျိုး တစ် ဆက်၊

Ver Capítulo Copiar

Judson Bible

13 အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊

Ver Capítulo Copiar




သုတ္တံကျမ်း။ 30:13
12 Referencias Cruzadas  

မိမိ​၏​အိမ်နီးချင်း​ကို ကွယ်ရာ​တွင် မတရား​စွပ်စွဲ​ပြောဆို​သော​သူ​ကို အကျွန်ုပ်​ဖယ်ရှားသုတ်သင်​ပါ​မည်​။ ဘဝင်မြင့်​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​ရှိ​သူ​ကို အကျွန်ုပ်​သည်းခံ​မည်​မ​ဟုတ်​ပါ​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘဝင်မြင့်​ခြင်း​မ​ရှိ​ပါ​။ မျက်နှာ​ထောင်လွှား​ခြင်း​လည်း​မ​ရှိ​ပါ​။ ကြီးမား​၍ အကျွန်ုပ်​အတွက် အံ့မခန်း​ဖြစ်​ရ​သော​အမှု​များ​နှင့် ပတ်သက်​ခြင်း​လည်း​မ​ရှိ​ပါ​။


ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​တည်းဟူသော ထောင်လွှား​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​တို့​သည် အပြစ်​ဖြစ်​၏​။


ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊ အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊


ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


တစ်ဖန် ထာဝရဘုရား​က “​ဇိအုန်​သမီး​တို့​သည် ဘဝင်မြင့်​ကြ​၏​။ လည်​ကို​ဆန့်​လျက်​၊ မျက်လုံး​ကစား​လျက်​၊ သူ​တို့​၏​ခြေချင်း​မြည်​အောင် ဖွဖွရွရွ​လမ်းလျှောက်​တတ်​ကြ​သောကြောင့်


လူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ လူတိုင်း နိမ့်ကျ​ကြ​ရ​လိမ့်မည်​။ မျက်နှာ​မောက်မာ​သော​သူ​တို့​သည် မာန်စွယ်ကျိုး​ကြ​ရ​လိမ့်မည်​။


‘သင်​သည် သင့်​ကို​သတ်​သော​သူ​၏​ရှေ့မှောက်​တွင် ငါ​သည် ဘုရား​ဖြစ်​၏​ဟု ဆို​နိုင်​ဦး​မည်လော​။ စင်စစ် လူသတ်သမား​တို့​အဖို့ သင်​သည် ဘုရား​မ​ဟုတ်​။ လူသား​သာ​ဖြစ်​၏​။


ကြည့်ရှု​လော့​။ ဘဝင်မြင့်​သော​သူ​၏​အတွင်းစိတ်​သည် ဖြောင့်မှန်​လေ့​မ​ရှိ​။ ဖြောင့်မတ်​သော​သူ​တို့​မူကား ယုံကြည်​ခြင်း​ကြောင့် အသက်ရှင်​ရ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos