သုတ္တံကျမ်း။ 29:26 - မြန်မာ့စံမီသမ္မာကျမ်း26 များစွာသောလူတို့သည် အုပ်စိုးသူမင်းထံမှ မျက်နှာရရန်ရှာကြံတတ်ကြ၏။ သို့ရာတွင် လူသည် တရားမျှတမှုကို ထာဝရဘုရားထံတော်မှရ၏။ Ver CapítuloCommon Language Bible26 မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ် ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင် တော်မူ၏။ Ver CapítuloGarrad Bible26 များ စွာ သော လူ တို့ သည်၊ မင်း ကို ခ ယ ကြ သော် လည်း၊ ထာ ဝ ရ ဘု ရား သာ လျှင်၊ လူ ကို တ ရား ဆုံး ဖြတ် တော် မူ၏။ Ver CapítuloJudson Bible26 မင်းပြုသောကျေးဇူးကို များသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့၏အမှုကို ထာဝရဘုရား စီရင်တော်မူ၏။ Ver Capítulo |
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။