Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 28:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 လူ​ကို​ဆုံးမ​သော​သူ​သည် နောက်ဆုံးတွင် မြှောက်ပင့်​ပြောဆို​သော​သူ​ထက် ပို၍​မျက်နှာရ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

23 ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။

Ver Capítulo Copiar

Garrad Bible

23 လျှာ ဖြင့် မြှောက် ပင့် တတ် သော သူ ထက်၊ ဆုံး မ ပဲ့ ပြင် သော သူ သည်၊ နောက်၌ ကျေး ဇူး ခံ စား ရ မည်။

Ver Capítulo Copiar

Judson Bible

23 ချော့​မော့​သော​စ​ကား​ကို ပြော​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သည်​ထက်၊ ဆုံး​မ​ပြစ်​တင်​သော​သူ​သည် နောက်​တစ်​ဖန် သာ၍ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 28:23
12 Referencias Cruzadas  

ထိုအခါ နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​သူ​သည် အရှင်မင်းကြီး​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ရှောလု​မင်းကြီး​လက်​မှ ကယ်နုတ်​ပြီး အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ခဲ့​၏​။


“​ပရောဖက်​နာသန် လာ​သည်​”​ဟု ရှင်ဘုရင်​အား ကြားလျှောက်​ကြ​ပြီးလျှင် နာသန်​သည် ဘုရင့်​ထံပါး အခစားဝင်​၍ ဦးညွှတ်ပျပ်ဝပ်​၏​။


မည်သူ့​ကို​မျှ မျက်နှာ​မ​လိုက်​ပါ​။ မည်သူ့​ကို​မျှ မျက်နှာချိုသွေး​ပြီး မ​ပြော​ပါ​။


မည်ကဲ့သို့ မျက်နှာချိုသွေး​ရ​မည်​ကို​လည်း မ​သိ​ပါ​။ ထိုသို့​ပြု​မိ​ခဲ့​လျှင် အကျွန်ုပ်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အကျွန်ုပ်​ကို ချက်ချင်း​ဒဏ်ခတ်​တော်မူ​မည်​။


ဖြောင့်မတ်​သော​သူ​သည် အကျွန်ုပ်​ကို​ရိုက်​ပါစေသော​။ ဤသည်ကား မေတ္တာကရုဏာ​ထားရှိ​ခြင်း​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​ဆုံးမ​ပါစေသော​။ ဤသည်ကား ဦးခေါင်း​ကို​လိမ်း​သော​ဆီ​ဖြစ်​ပါ​၏​။ ထို့အတွက် အကျွန်ုပ်​၏​ဦးခေါင်း​သည် မ​ငြင်း​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် မကောင်းမှု​ပြု​သော​သူ​တို့​ကို ဆက်၍​ဆန့်ကျင်​ဆုတောင်း​နေ​ပါ​မည်​။


သို့သော် ထို​ဆိုးယုတ်​သော​သူ​ကို ဆုံးမ​သော​သူ​တို့​သည် ရွှင်လန်း​ဝမ်းမြောက်​ကြ​လိမ့်မည်​။ ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​သည်​လည်း သူ​တို့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။


မိမိ​၏​အိမ်နီးချင်း​ကို​မြှောက်ပင့်​ပြောဆို​သော​သူ​သည် မိမိ​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ဖြန့်​ထား​သော​သူ​ဖြစ်​၏​။


သင်​၏​ညီအစ်ကို​သည် သင့်​အား​ပြစ်မှား​လျှင် သွား​၍ နှစ်ကိုယ်​ကြား သူ့​ကို​ဆိုဆုံးမ​လော့။ သူ​သည် သင်​၏​စကား​ကို​နားထောင်​လျှင် သင်​၏​ညီအစ်ကို​ကို သင်​ရရှိ​ပြီ။


သို့သော် အန္တိအုတ်​မြို့​သို့ ကေဖ​ရောက်လာ​သောအခါ သူ​၌​အပြစ်တင်​စရာ​ရှိ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာချင်းဆိုင်​၍ ပိတ်ပင်​တားဆီး​ရ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos