Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 28:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 လူ့​အသက်​သတ်ခြင်း​အပြစ်ဝန်​ကို ထမ်း​သော​သူ​သည် သေတွင်း​ထဲ​ရောက်​သည့်​တိုင်အောင် ထွက်ပြေး​တိမ်းရှောင်​နေ​ရ​လိမ့်မည်​။ မည်သူ​မျှ​သူ့​ကို​မ​ထောက်မ​စေ​နှင့်​။

Ver Capítulo Copiar

Common Language Bible

17 လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။

Ver Capítulo Copiar

Garrad Bible

17 လူ့ သွေး ပြစ် ဝန် ဆောင် သော သူ သည်၊ သင်္ချိုင်း တွင်း သို့ ပြေး ရ သည် ဖြစ်၍၊ မည် သူ မျှ မ တား စေ နှင့်။

Ver Capítulo Copiar

Judson Bible

17 လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 28:17
16 Referencias Cruzadas  

သင်​သည် မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော်လည်း မြေ​သည် မိမိ​၏​အသီးအနှံ​ကို သင့်​အား ပေး​တော့​မည်​မ​ဟုတ်​။ သင်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။


အဗရှလုံ​မှာ ထွက်ပြေး​သွား​နှင့်​ပြီ​ဖြစ်​၏​။ ကင်းစောင့်​လုလင်​တစ်​ဦး​သည် အနောက်ဘက်​သို့​မျှော်ကြည့်​ရာ တောင်စောင်း​လမ်း​တစ်လျှောက်​တွင် လူအုပ်ကြီး​လာ​နေ​သည်​ကို​မြင်​လျှင်


ယွာဘ​၏​လက်နက်​ကိုင်​တပ်သား ဆယ်​ဦး​တို့​က​လည်း အဗရှလုံ​ကို ဝိုင်းဝန်း​ထိုး​သတ်​ကြ​လေ​၏​။


ထိုသို့ “​ယွာဘ​သည် တဲ​တော်​သို့​ပြေး​၍ ယဇ်ပလ္လင်​နား​တွင် ရှိ​နေ​ပါ​၏​”​ဟူသော သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​လျှင် ရှောလမုန်​မင်းကြီး​က ယောယဒ​၏​သား ဗေနာယ​အား “​သူ့​ကို သွား​သတ်​လော့​”​ဟု အမိန့်ပေး​လေ​၏​။


သူ့​အား ထာဝရဘုရား​က ‘​သင်​သည် လူ​ကို​သတ်​သည်​သာမက သူ့​ဥစ္စာ​ကို​ပါ သိမ်းယူ​ပါ​ပြီ​တကား​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​။ ထို့ပြင် သူ့​အား ထာဝရဘုရား​က ‘​နာဗုတ်​၏​သွေး​ကို ခွေး​တို့​လျက်​သော​နေရာ​တွင် သင့်​သွေး​ကို​လည်း လျက်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။


ယေဇဗေလ​နှင့်​ပတ်သက်၍​လည်း ထာဝရဘုရား​က ‘​ယေဇရေလ​မြို့ရိုး​နားတွင် ခွေး​တို့​သည် ယေဇဗေလ​ကို စား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​။


‘အကယ်စင်စစ် နာဗုတ်​နှင့် သူ့​သား​တို့ အသတ်ခံ​ခဲ့​ရ​သည်​ကို မနေ့က ငါ​မြင်​ပြီ​။ ဤ​မြေကွက်​ပေါ်တွင်​ပင် သင့်​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​’​ဟု ထာဝရဘုရား ကြွေးကြော်​ထား​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ့​ကို မ​၍ ဤ​မြေကွက်​တွင် ပစ်ချ​ပါ​”​ဟု ဆို​၏​။


တစ်စုံတစ်ဦး​သည် မိမိ​၏​အိမ်နီးချင်း​ကို တမင်သက်သက်​ကြံစည်​သတ်ဖြတ်​လျှင် ထို​သူ​သည် သေဒဏ်​ခံ​ရန် ငါ​၏​ယဇ်ပလ္လင်​တော်​မှ​ပင်​ဖြစ်စေကာမူ သူ့​ကို​ဆွဲထုတ်​သွား​ရ​မည်​။


ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊ အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊


နေသနိ​၏​သား​ဣရှမေလ​မူကား လူ​ရှစ်​ယောက်​နှင့်အတူ ယောဟနန်​ထံ​မှ အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ထွက်ပြေး​လွတ်မြောက်​သွား​၏​။


ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို မုန်း​သောကြောင့် သူ့​ကို​ချောင်းမြောင်း​တိုက်ခိုက်​၍ အသေသတ်​ပြီး ထို​မြို့​တစ်​မြို့​မြို့​သို့ ထွက်ပြေး​သွား​သော်


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos