သုတ္တံကျမ်း။ 28:13 - မြန်မာ့စံမီသမ္မာကျမ်း13 မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။ Ver CapítuloCommon Language Bible13 မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။ Ver CapítuloGarrad Bible13 ကိုယ့် လွန် ကျူး မှု ကို ကွယ် ဝှက် တတ် သူ သည်၊ မ ချမ်း မ သာ။ ဝန် ချ၍ စွန့် ပယ် သော သူ မူ ကား၊ က ရု ဏာ တော် ကို ခံ ရ လိမ့် မည်။ Ver CapítuloJudson Bible13 မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။ Ver Capítulo |
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။